ဧပြီလ ၂၆ ရက်နေ့မှာ IC show ဂျပန်မှာလာဖျော်ဖြေမယ်လေ..မကြည့်ရတာ ကြာနေပြီဖြစ်တဲ့ စတိတ်ရှိုးကို မတွေ့ရတာ ကြာနေပြီဖြစ်တဲ့ မြန်မာသူငယ်ချင်းတွေနဲ့ သွားကြည့်ကြမလို့ လက်မှတ်စုံစမ်းတော့ ရှေ့ဆုံးတန်း ယန်း ၁၀၀၀၀ ကနေ ယန်း ၈၀၀၀ ၊ ယန်း ၆၀၀၀ ဆိုပြီး ၃တန်းရှိရာမှာ တစ်ခါတစ်လေကြည့်ရတာမို့ ရှေ့ဆုံးတန်းလက်မှတ်ကို မှာပေမယ့် မရတော့ဘူးဆိုလားပဲ.. တော်တော်ရောင်းကောင်းတာပဲနော်. ကြည့်တဲ့သူတွေ တော်တော်လေးများမယ် ထင်ပါတယ်....

OJI မြို့က SAKURA TOWER မှာ ညနေ၄ နာရီကနေ ည ၈နာရီအထိ ကျင်းပမှာဖြစ်ကြောင်းကြားသိရပါတယ်ရှင်..
ဂျပန်မှာနေထိုင်ကြတဲ့ စတိတ်ရှိုးဝါသနာရှင်မောင်နှမများ မသိကြသေးသောသူများရှိလျှင် သိကြရလေအောင် ပွဲစားခမရပဲ အခမဲ့ ကြော်ငြာပေးရခြင်းဖြစ်ပါတယ်ရှင်။ :D


ပျော်ရွှင်ချမ်းမြေ့ကြပါစေ.

လေးစားခင်မင်စွာနဲ့

ဝါ၀ါခိုင်မင်း
Discuss   Add this link to...  Bury

Comments Who Voted Related Links