Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၉ )
2
Vote
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၉ )
Posted by
shwedream
490 days ago
(
http://feedproxy.google.com
)
View profile
Category
:
Personal & Life
ပုဂံ နေ့လည် ခင်း--------
နတ်သမီး ကမ်းပါး တနေရာ---သူရှေ့ ကနေ အမြန်ပြေး သွားပြီး ကျမကို လိုက်ခဲ့ပါ တဲ့--သူရှိရာဆီ ကျမ လျှောက် သွား သော အခါ--အဝေး က နေ--ကျမအား-- ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်နေသည်မှာ သူ့နား ရောက် လာသည် အထိ-သူ ကျမ လျှောက်လာ သည်ကို ငေးမောစွာ ကြည့်ရင်းပြောသည်။
မ-ရယ်--အဖြူရောင် လက်ရှည်လေးနဲ့ ဆံပင်ရှည်တွေ--- လေ မှာ ဝဲနေပြီး မ-လမ်းလျှောက် လာတဲ့ အမူအယာ လေးဟာ--လေထဲမှာ လွင့်ပါးကြွေလျော လာတဲ့--နှင်းဆီ--ပွင့်ဖတ်လေးလို-ငေးနေ ရလောက်အောင် မြန်မာ ဆန်လွန်းတဲ့ အလှပါဗျာ---လို့ ပြောတော့--ကျမ ရှက်သွေးဖြန်းသွားခဲ့ပါသည်---မ-ကို ကျွန်တော် အိပ်မက် နေတာ--ကြာလှပါပြီ--ဒါပေမယ့် မ-ကတော့ မသိခဲ့ပါဘူး--ရန်ကုန်မှာ မ-နေတဲ့ ပြည်လမ်းက အဆောင်ရှေ့ကို ကျွန်တော် အမြဲလိုလို ရောက်နေခဲ့တယ်--အဆောင် ပြူတင်းပေါက်က မ-အရိပ်လေး ကို ကျွန်တော်ငေးပြီး ပြန်လာခဲ့ရတာပါ--မ-အတန်းတက်နေရင် ကျွန် တော် လာငေးနေတတ်တာ-မ-မသိခဲ့ပါဘူး-မ - မသိအောင် မ-သွားလေရာ ခပ်လှမ်းလှမ်းက တကောက် ကောက် လိုက် နေခဲ့တာ အတော် များခဲ့ပါပြီ--
အယ်------ပေါ်ပြီ--အဲဒီတုံးက ဘာလို့ လာနှုတ်မဆက်တာလဲလို့ --- ကျမကမေးတော့--မ-က-ကျွန်တော့်ထက် ပညာရေး ကအစ သာတယ်လေ--မ-ကိုချစ်တဲ့သူတွေ---လိုချင်တဲ့ သူတွေ--လည်း များတယ်--ကျွန်တော် အနား တောင် မကပ်ရဲ ပါဘူး--တဲ့ ။
အဲလို--မပြောစမ်းပါနဲ့လို့ --ကျမက ပြောတော့--မ-ကို ချစ်တဲ့သူတွေများတော့ မ-က အချစ်ကို အထူးအဆန်းလို့ မထင်တော့ဘူးပေါ့နော်--ဘယ်သူ့ အချစ်က မ ရင်ထဲမှာ ပိုပြီး တန်ဖိုးရှိတယ်လို့--မထင်တော့ ဘူးလား-- ကျမ မျက်နှာ ညိုးသွားတော့ သူ စကားလွဲပြောင်းလိုက်သည်။
မ-----ပုဂံ ရှုခင်းတွေသိပ်လှတယ်နော်--ဧရာဝတီက တော့ ခေတ်တွေ--အဆက်ဆက် ဖြတ်သန်း နေပေမယ့် သူက တော့ တည်ငြိမ်စွာ စီးဆင်းမြဲပါ---ပုဂံ ခေတ်က စစ်သည် လေးသိန်းနဲ့ ညီမျှ တဲ့ သူရဲကောင်းလေးဦး ရှိခဲ့တယ်--ကျန်စစ်သားရယ်---အဲနောက်တယောက်ကတော့-ထန်းပင် တစ်ထောင် ကို တက်လိုက် ဆင်းလိုက် တနေ့ထဲ လုပ်နိုင်တဲ့ မြင်းမူ အရပ်က ငထွေးရူးရယ်---နောက်တယောက်က နွားအရှဉ်းသုံးဆယ်ကို တပြိုင်တည်း ထွန်နိုင်တဲ့ ပုပ္ပါးအရပ်က ငလုံးလက်ဖယ်ရယ်--ညောင်ဦးကမ်းပါးကနေ ဧရာဝတီ မြစ်ထဲ ဆင်းကူးပြီး ဟိုဘက်ကမ်း ရောက်တာနဲ့ ချက်ခြင်းပြန်ကူးလာပြီး ညောင်ဦးကမ်းပါးပေါ် ရောက်တာနဲ့ ပြေးတက် လာနိုင်တဲ့ ညောင်ဦးဘီး ရယ်--ပေါ့-----ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ့ သမိုင်းပုဂံ သူရဲကောင်း တွေ---မှတ်မိတယ်မို့လား-လို့ပြောတော့ ကျမ--ခေါင်းညိတ်မိသည်။ဟိုတနေ့က ရန်ကုန်က ခြောက်နှစ်ကျော် လောက်ရှိတဲ့ --ကျွန်တော့် တူလေး နဲ့ဖုံးဆက် ဖြစ်တယ်- တူလေး ဘာလုပ် နေတာလဲ မေးတော့---သိုင်းသမား တရုတ် သူရဲကောင်း ကျန်ကျောင်း လုပ်တမ်း ကစား နေတာတဲ့--ပုဂံခေတ် မြန်မာ သူရဲကောင်း ကျန်စစ်သား လုပ်တမ်း ကစား ပါလား ပြောတော့-- ကျန်စစ်သားကို မသိဘူး တဲ့--သားတို့က တရုတ်သိုင်းကားပဲ ကြည့်တော့ သိုင်းသူရဲကောင်း ကျန်ကျောင်းပဲ သိတာတဲ့လေ-------
သူက ပင့်သက် ရှိုက်ရင်း-ငြီးတွား စွာပြောပြနေသည်---မြန်မာပြည် ကို လာ သွားတဲ့ ဂျပန်လူမျိုး ဓါတ်ပုံဆရာ ယာမာမိုတို က နှိုက်ကလပ် တခုမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံ တွေကိုဂျပန်မှာ ဓါတ်ပုံ စာအုပ်ကြီး ထုတ်ထားတယ်----ကြည့်ပါအုံး----ဒီခေတ် ဒီစနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် ကလေးတွေ နဲ့--ဆယ်နှစ် ဝန်းကျင် ကလေး တွေဟာ အနာဂတ် တိုင်းပြည် အတွက် အမျိုး သား ရေး စိတ်ဓါတ်တွေ---အမျိုးသား ယဉ်ကျေးမှု တွေ--ကို--ရှေး ဘိုးဘေးဘီဘင် တွေ လို မျိုးချစ်စိတ် အပြည့်နဲ့ ဆက်လက် ထိမ်းသိမ်း နိုင်ပါ့မလား--ဗျာ-----ကျွန်တော်တို့ မြန်မာလူမျိုး ဘိုးဘေးဘီဘင်တွေ ကိုလိုနီ ပေါ်တူဂီ ဆန့်ကျင်ရေးစစ်ပွဲဟာ နှစ်ပေါင်း ၃၅၀ တိတိ ရှေးကျခဲ့တယ်- ၁၉၆၃-ခုနှစ်ကမှ အိန္ဒိယနိုင်ငံမှာရှိတဲ့ ပေါ်တူဂီ ကိုလိုနီ အခြေခံ စခန်း တခုဖြစ်တဲ့ ဂိုဝါနယ်ကို အိန္ဒိယ အစိုးရက ရှင်းလင်းဖျက်သိမ်းခြင်းပြုခဲ့ရတာပါ---တကယ်ကတော့ မြန်မာနိုင်ငံရဲ့ တစိပ်တဒေသဟာ ၁၆၀၀ ခုနှစ် ကတည်းက ကိုလိုနီ နယ်ချဲ့ အောက်ကို ရောက်သွား ခဲ့ရပြီး ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက နယ်ချဲ့ ဆန့် ကျင် ရေး အဲဒီ ကတည်းက ဆင်နွှဲ ခဲ့ရတာပါ---၁၅ ရာစု ခန့်လောက်က စပြီး အာဖရိက တိုက်ကို ပတ်ပြီး အိန္ဒိယသမုဒ္ဒရာ နဲ့ အာရှတိုက်ကို စ တင် တွေ့ရှိခဲ့ တဲ့ ပေါ်တူဂီ လူမျိုးတွေဟာ တရုတ်- အိန္ဒိယ -အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ကုန်သည်တွေ အဖြစ်-သာသနာပြုများအဖြစ်- ပင်လယ်ဓါးပြ များအဖြစ်-လှည့်လည်ကျက်စားခဲ့ကြတယ်---
၁၆ ရာစု ဆန်းလောက်မှာ မြန်မာနိုင်ငံ တောင်ဘက် ပင် လယ်ကမ်းရိုးတန်း ဒေသ မွန် အကြီးအကဲများ ထံရော--ရခိုင် ကမ်းရိုးတန်း ဒေသ ရခိုင်အကြီးအကဲများ ထံမှာ ကြေး စား စစ်သား များ အဖြစ် အမှု ထမ်းခဲ့ကြတယ်--။ ပေါ်တူဂီလူမျိုး ဖိလစ် ဒီဘရစ်တို ခေါ် ငဇင်ကာ ဟာ ၁၅၉၀ ခုနှစ် လောက်မှာ ရခိုင်အကြီးအကဲ မင်းဖလောင်း ထံမှာ ကြေးစား စစ်သား အဖြစ် အမှုထမ်း ခဲ့တယ်--ဟံသာဝတီကို တိုက်ခိုက် ဖျက်ဆီး တော့ ငဇင်ကာကို မြို့ စောင့် အဖြစ် ထား ခဲ့တယ်--အခွင့်ကောင်းကို ချောင်း မြောင်းနေတဲ့ ငဇင်ကာဟာ အန္ဒိယနိုင်ငံ ဂိုဝါနယ်မှာရှိတဲ့ ပေါ်တူဂီ ဘုရင်ခံချုပ်နဲ့ အဆက်အသွယ်ပြုပြီး သံလျှင် နယ်ကို ကိုလိုနီနယ်အဖြစ် အတိအလင်း ကြေငြာ လိုက်တယ်--သက်တန်း ၁၃ နှစ် ကြာတယ်--ငဇင်ကာ ဟာ ဗုဒ္ဓ ဘာသာ ဝင်တွေရဲ့ ဘုရားပုထိုးတွေ ကို ဖျက် ဆီးပြီး ဌာပနာ တွေကို အတင်း အဓမ္မ ယူတယ်--၁၆၁၃ ခုနှစ် မှာ ညောင်ရမ်း ဒေသက မြန်မာ အကြီးအကဲ အနောက်ဘက်လွန် ကနေ --သံလျှင်ကို အခြေခံ စခန်းံပြုလုပ်ပြီး မြန်မာနိုင်ငံကို စ တင် ခြိမ်းချောက်နေတဲ့ ငဇင်ကာတို့ကို တိုက်ခိုက် ချေမှုန်း ပစ် လိုက်ရတယ်--ဂိုဝါနယ်က စစ်ကူပို့လိုက်တဲ့ စစ်သင်္ဘော ၅ စင်းအနက်က ၄ စင်းကိုလည်း တိုက်ခိုက် ဖျက်ဆီးခြင်းပြုလိုက်ရတယ်---။ ဘိုးဘေးဘီဘင် တို့ရဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ သူရဲကောင်း စွမ်းရည်များ ကိုကြားသိရသော အခါ--ကျမ သွေးများပူနွေးဆူပွက် လာသကဲ့သို့ ခံစား လိုက်ရ ပါ တော့ သည်။
Discuss
Add this link to...
Bury
Add to:

">
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
71
Create Apple.com Style Search ...
71
Myanmar Thingyan
71
Preview Photoshop Brushes Easi...
71
Free Icon Set for Web Develope...
71
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
celebrities
dlf ipl
fastdomain coupon
mortgage
top hosting
read more
Comments