Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၄)
2
Vote
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၄)
Posted by
shwedream
491 days ago
(
http://feedproxy.google.com
)
View profile
Category
:
Personal & Life
ခုနှစ်ရက်မြောက်နေ့ နံနက်---------
ယနေ့ နံနက် တွင် ဟို တယ် ဝန်ထမ်း တံခါး လာခေါက် သည် နှင့် ကျမ တံခါး ဖွင့်ပေး လိုက်သည် စားစရာ တွေ ဘာ မှပါ မလာ တော့ပါ---ဟိုတယ် ဝန်ထမ်း က ဧည့် သည် စောင့်နေ ပါသည် ဟုသာ အသိပေးပြီး ပြန် ထွက် သွား သည်။ မနေ့ညနေ က သူ တည်းခို နေသည့် ဘားမား တည်းခို ရိပ်သာ တွင် ကောက်ညှင်းပေါင်း နှင့် အ ကြော် စားရန် ကျမ တို့ မြေးအဘွား အား သူ ဖိတ်ထားသည်။ ယခု သူ လာကြိုနေ ပါပြီ---။ သို့သော် ဟို တယ် ဝန် ထမ်း လက်ထဲ တွင် နှင်းဆီနီ မတွေ့မိသည် ကို ကျမ ရင်ထဲ ဘာလို့များ ဟာ--က နဲ ဖြစ်သွားမိပါလိမ့်---ဒါ ပေမဲ့ ကျမ မျှော်လင့်နေမိသည့် နှင်းဆီနီ သည် ကျမ ထံ မလွဲ မသွေ ရောက်လာမည် ကိုတော့ ကျမစိတ်ထဲတွင် အလိုလို သိနေ သ လို ပါ ပဲ လေ----။ သူတည်းခိုသည့် ဘားမားရိပ်သာ သို့ ကျမတို့ မြေးအဘွား ရောက် သည့် အချိန် တွင် နံနက် ၆နာရီ ရှိနေပြီ---ရိပ်သာ စောင့်ပြင်ဆင်ပေး သည့် ပဲပြုတ် ဆီဆမ်း နှင့် ကောက် ညှင်း င ချိတ် ပေါင်း ပူပူနွေနွေး သည် နှမ်းထောင်း မွှေးမွှေးလေး နှင့် အတူ အကောင်းဆုံး မြန်မာ့ရိုးရာ အစားအစာ တွေ ပါ ပဲ---အကြော်စုံ ၊ ကျောက်ပန်းတောင်း လဘက်ရည်ချို နှင့် အ လွန် လိုက် ဘက် လွန်း လှသည်---။
နံ နက် တိုင်း ဟို တယ် မှ ကျွေး သည့် ဘို စာတွေ ကို ကျမ တို့မြေး အဘွား နေ့စဉ် စားနေရ သည်မှာ ငြီး ငွေ့ လှ ပါပြီ--- အရသာ ရှိလှသည့် မြန်မာ့ အစား အစာ များ စားလိုက်ရသည့် အတွက် ဘွားဘွား ကျေနပ်နေသည် ကို တွေ့ရ သည်--ဘယ်လို ရေစက်မှန်း မသိပါ---ဘွားဘွား သူ့ ကို ခင်မင်နေသည်။ သူ---လူကြီးတွေ အပေါ် ဆက် ဆံသည် မှာ တယုတယ ရှိလွန်းပြီး အလွန်ယဉ်ကျေး ကာ ရိုသေ ကိုင်းရှိုင်းသည် ကို တွေ့ရသည်။
ကျမ တို့ အားလုံး စားသောက်ပြီး သည်နှင့် ရွှေစည်းခုံ စေတီ သို့ သူ စီစဉ် ထား သည့် အငှား ကားဖြင့် ထွက် လာ ခဲ့ကြ သည်။ ပထမ ဆုံး ဝက်ကြီး အင်း ဂူဘုရား သို့ ဝင်သည်----။ ဒီ တ ခေါက် ဘွားဘွား အား ပုံစံ အမျိုး မျိုး နှင့် ဓါတ်ပုံရိုက် ပေးနေသည်---သူ့ ဓါတ်ပုံပစ္စည်းများ ထည့်သည့် အိတ် ကို ကျမအား လှမ်း ပေးပြီး သူ နှင့် ဘွား ဘွား ကျမ နှင့် အ နည်း ငယ် အလှမ်း ဝေး သွားသည်။ တမင် တကာလား --မတော် တဆ လား ကျမ ဝေခွဲ မရခင် ဘွား ဘွား ကို ထားခဲ့ပြီး သူ ကျမထံ ပြေးလာသည်--- မ ကို ကျွန်တော် နှင်းဆီ ပန်း လေး လာပေး တာ ပါ-----။
စူးရှ တောက်ပ နေသည့် သူ့မျက်ဝန်း နက်နက်တွေ ကို ကျမ တွေ့ လိုက် ရရင်ပဲ သိမ်မွေ့နက်ရှိုင်းလွန်းပြီး ဟန်ဆောင်ခြင်းကင်းမဲ့သည်ကို ကျမသိလိုက်သည် --ကျမ-- ယောင်္ကျား တယောက် ၏ နှလုံးသား ရဲတိုက် တခုကို တံခါးသော့ ဖွင့်ကြည့်မိသည်--ကျမ ကဲ့သို့်ပင် သူသည် လည်း ပိတ်ထား သော ကျမ၏ နှလုံးသား ရဲတိုက် တံ ခါး တချပ် အား သော့ဖွင့်ကြည့် လိုပါ လိမ့်မည်---ကျမမြင် မိသော အမြင် နှင့် ကျမ ကို သူ မြင်သည့် အမြင် များ--နှစ်ဦးလုံး၏ နှလုံး သား လျှို့ ဝှက် ချက် တွေ က တူညီချင် မှ တူညီပါ လိမ့်မည်---သူ့ ဘက်က အမြင် ဘယ်သို့ရှိမည်ကို ကျမ မသိ နိုင်သော် လည်း ကျမ ၏ ပိတ်ထား သော နှလုံးသား တံခါး အား အနည်းငယ် ဖွင့် ပေးလိုက်မိ သည် ကတော့ သူ ၏ ရိုး သား ဖြောင့်မတ်ခြင်း နှင့် ပရဟိတ စိတ်တွေ ကို လေးစားခြင်း က စတင်လာခဲ့သည် ကို တော့ ကျမ အခိုင်အမာ ပြောနိုင်ပါလိမ့် မည်------
သူ နှင့် ဘွားဘွား ကျမ အနား ရောက်လာချိန်တွင်---ပါးနပ်သည့် ဘွားဘွား က ကျမဆံပင်တွေပေါ်မှ နှင်းဆီနီကို တချက်ကြည့်လိုက်ပြီးပြုံးယောင်ပြုသည် --ကျမ ပါးပြင်သည် ပန်းနုရောင်ရှက် သွေး သန်းသွား လေသလား---။
ကျမ တို့ ဂူပြောက်ကြီး ဘုရား အား လှည့် လည်ကြည့်ရှု နေရာ မှ သူ က ဂူပြောက်ကြီး ဘုရား နှင့် ပတ် သက် သည့် သမိုင်း ကို ရှင်းပြနေသည်--ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား က ကွမ်းတောင် ဟာ---ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာ ဗောဓိစေတီ ကွမ်းတောင်မျိုး လေ----အဲဒီ ထဲ မှာ ငါးရာငါးဆယ် ဇာတ်တွေ ရေးခြယ် ထား တယ်၁၈၉၉ မှာ မြန်မာပြည် ကို ရောက်လာ တဲ့ ဂျာမန် လူမျိုး ဒေါက်တာသိုမန်း ဆိုတဲ့ သူက ပုဂံ လက်ရာ တွေ သယ်ယူသွား တာ---ကြောင့် အဲဒီ ကွမ်းတောင် မရှိတော့ဘူး----။မှတ်တမ်း တွေက ဂျာမန်လူမျိုး ဒေါက်တာသိုမန်း ခွာယူသွားတယ်လို့ အခိုင်အမာ ဆိုထား တယ်----၁၈၉၉ ခုနှစ်က -----မြန် မာ နိုင်ငံ ကို အင်္ဂလိပ်သိမ်းပြီး စ ဆိုတော့----ရှေးဟောင်းအနုပညာ ဥပဒေပြဌါန်းချက် က လည်းမရှိသေးဘူး---။
ကျွန်တော် တို့မြန်မာလူမျိုး နဲ့ မြန်မာပြည် ဟာ သူ့ကျွန်ဖြစ်ခဲ့ရတာ ရင်နာစရာ ကောင်းပါတယ်ဗျာ----အဲဒီ နိုင်ငံခြား သား တွေ ဟာ ရှေးဟောင်း ပစ္စည်းသူခိုးတွေ --ပါ ဗျာ-----သူ က ဟိုး---အဝေးတနေရာသို့ စိုက်ကြည့်ရင်း လေးလေး နက်နက် ပြောနေသ ကဲ့သို့ ဘွားဘွား က ခေါင်းတညိတ်ညိတ် ရှိကာ လူငယ် ဆိုသော်လည်း ဗဟု သု တ ကြွယ်ဝ စွာ ပြောနေသည် ကို သဘောကျ နေပုံရသည်။
ကျမ ကရော----သူ့ အပေါ် ဘယ်လို မှတ်ချက်တွေ ပေးမှာလဲ---အမျိုးသမီး အများစုသည် မိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ်တတ်ကြသည်။ ထိုအထဲတွင် သူ မပါ နိုင်ပါ---သူ သည် မ သပ် ယပ်သော ဆံပင် တွေ နှင့် အဝတ် အစား ဖရို ဖရဲ ဝတ် ကာ ဘဝ ကို ဒေါင်ကျကျ ပြားကျကျ နေတတ် ပြီး သူ့ ဘေးတွင် စာအုပ်တွေပုံကာ သူ့ယုံကြည်ချက် သူမှန် သည်ဟု ထင်သော အလုပ်များ ကို စူးစူးနစ်နစ် လုပ် နေ တတ် သူ --ဓါတ်ပုံတွေ လိုက်ရိုက်နေတတ် သည့် လူငယ် တ ယောက် ပါ ပဲ လေ--------------------။
1 Comment
Add this link to...
Bury
Add to:
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
71
Create Apple.com Style Search ...
71
Myanmar Thingyan
71
Preview Photoshop Brushes Easi...
71
Free Icon Set for Web Develope...
71
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
business
celebrities
entertainment
fastdomain coupon
mortgage
read more
Comments