ခြောက်ရက်မြောက်နေ့နံနက်
ယ နေ့ နံနက် တွင် ဟို တယ် ဝန် ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ အ ပြေး အ လွှား တံခါး ထ ဖွင့်လိုက် သည် ကျမ တစုံ တရာ ကို မျှော် လင့်နေ မိ သလား----ဟိုတယ် ဝန်ထမ်း ယူလာ သည့် နံနက် စာများ နှင့်အတူ နှင်းဆီ နီ တပွင့် ကို မြင်လိုက် ရ သည် နှင့် ကျမ ရင်ထဲ လှိုက် ကနဲ ဘာကြောင့် ဖြစ် သွား ရတာလဲ---- ဘွား ဘွား အား ကျမ ဖြတ်ကနဲ တချက် ကြည့်လိုက် တော့ ဘွားဘွား လက်ကနဲ ပြုံးလိုက်သည် ကို ကျ မ မြင် လိုက် ရပါသည်။ ဒီတခါ အပြာရောင် စာရွက်လေး က တမူ ထူးခြားနေပါသည်--- စာရွက် စဖွင့် သည် နှင့် မ ဟူသည့် တလုံးတည်းသော စာလုံးလေးကို ကျမ ရင်ခုန်စွာမြင်လိုက်ရသည်---။ မ --ကို -----ရှင်းပြနေဖို့ မလိုဘူး လို့ ထင် တယ်---ဘာလို့လဲ ဆိုတော့---မ ဟာ ကျွန်တော့် ကို နားလည်နေပြီးသားဖြစ် နေတယ်လို့ ကျွန် တော် ယူ ဆ ပါ တယ် ----ကျွန်တော် ပြောပါရစေ----- ဒီနေ့ တနေ့လုံး ကျွန်တော် ရွှေစည်းခုံ မှာ ရှိ နေမှာ ပါ-----

စာဆုံးတော့ ဘွားဘွား ဘက်လှည့်ကာ ကျမပြောလိုက်သည်---သူ----ရွှေစည်းခုံမှာ တနေ့လုံး ရှိနေမယ်တဲ့---
မနေ့ ည က ဘွားဘွား နှင့် ကျမ ပါ ခင်မင် နေသည့် ဟို တယ် မန်နေဂျာ ၏ ပြောစကား တခွန်း က ကျမ အတွေး အိမ် ထဲ ကပ် ငြိ ပါ လာသည်---အဲဒီ ဓါတ်ပုံ ဆရာ လူငယ်လေး က ကျွန်တော့် မိတ်ဆွေ တယောက်ရဲ့သားပါ--- ပရဟိတ စိတ် အင်မတန် ရှိ တဲ့ လူငယ် တယောက် ပါ ဗျာ။ သူ့အကြောင်း ကျမ မစုံစမ်းလိုက်ရပဲ တစွန်းတစ သိ လိုက်ရပါသည်---သူသည် ---ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက် အဖြစ် စာ အုပ် ပုံတွေ ကြားမှာ နေထိုင်နေသည် ဆိုတာ ကိုတော့ ကျမ အကြမ်းဖျင်း သိလိုက် ရသည်။ သူ သည် ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက်ဆောင်တခု မှာ ပစ်ပေါက်ခွဲပစ် တတ် သော ---အလွန်မှန်ကန် သည့် လုပ် ရပ်များ အား သူလုပ်ခဲ့သည်-----။
တကယ်တော့ ---သူသည် အဓိပ္ပါယ် ရှိသော လူ တယောက် အဖြစ် ပရဟိတ တွေ နှင့် စုစည်း သိပ်သည်း ဖွဲ့ထား သည့် လူငယ်တဦး ၏ ဘဝ ကို သူ ဖြတ်သန်း နေပါ သလား------ ဘယ်သို့ဆိုစေ----သူသည် ကျမ စိတ် ဝင်စား သည့် သူရဲ ကောင်း တယောက် ဖြစ်နေ သလား။

ကျမတို့ မြေးအဘွား ဟိုတယ် မှ ထွက် ရန် အဆင်သင့်ဖြစ်ချိန် တွင် နံနက်၁၀ နာရီခွဲ နေပြီဖြစ်သည်----။ မြေး--မေ့နေတယ်လေ---ရုတ်တရက် ဘွားဘွား က သတိပေး သလို ပြောလိုက် သည့်အတွက် ကျမ ကြောင် အန်းအန်း ဖြစ်သွားသည်။ အော်----ဘွားဘွားရယ်-----ကျမရှက်ပြုံးတချက် ပြုံးလိုက်မိသည်။ ကျမ၏ ဆံပင်ရှည်တွေ ပေါ် နှင်းဆီနီ မပန်ရသေးပဲကိုး----------------။

ကျမတို့ မြေး အဘွား ရွှေစည်းခုံ စေတီ သို့ရောက်သည် နှင့် တောင်ဘက်မုခ် ဘုရားစောင်းတန်း အခြေ တွင် ခပ် သွယ်သွယ် လူငယ် တဦး ကင်မရာလွယ် လျက် ကျမတို့မြေးအဘွား လျှောက်လာသည်အား ငေးမော ကြည့် နေ သည် ကို အဝေးမှ လှမ်းမြင်နေရသည်။ ကျမတို့ထံ သူလျှောက်လာပြီး ဘွားဘွား အားနှုတ်ဆက် ကာ တွဲ ခေါ် သည် ကျမဘက် သို့ သူဖြတ် ကနဲ ကြည့်လိုက် သည့် အကြည့် သည် ကျမဘဝ တွင် ဘယ်သောအခါမှ မ မေ့နိုင် တော့သည့် အကြည့်ဖြစ်နေ ပါရော လား---။
ဘွားဘွားအားဦးတည်ပြီး သူ့ ကိုယ်သူ မိတ်ဆက်နေသည့် ဟန်ပန် သည် အင်မတန်ရိုးသား တည်ကြည်သည့် လူ ငယ် တ ယောက် ဟန် ပါပဲ---။ဘွားဘွား ကတော့ သူ့ ကို ခင်မင်သွားသည် အမှန်ပါ။ ကျမ ၏ ဆံ ပင် တွေ ကြား ထဲမှ နှင်းဆီနီ အား သူ ငေးမောစိုက်ကြည့်နေသည် ကို လည်း ကျမသတိထားလိုက် မိသည်--- ထို တဒင်္ဂ လေး အတွင်းမှာ ပင် သာယာသည့် ဂီတ သံ စဉ် လှိုင်း တွေ ကြား က သိမ်မွေ့နက်ရှိုင်းလွန်းသော ရို မန် တစ် တခု ဖြစ်သွားသည် မှာ အသေအချာ ပါပဲလေ---။

Discuss   Add this link to...  Bury

Comments Who Voted Related Links