Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
နိုင်ငံတကာ အခြေအနေ-- ( အမေရိကန်)
2
Vote
နိုင်ငံတကာ အခြေအနေ-- ( အမေရိကန်)
Posted by
shwedream
492 days ago
(
http://feedproxy.google.com
)
View profile
Category
:
Personal & Life
ကမ္ဘာ့သမိုင်း နှင့်ပတ်သက်ပြီး ပိုစ့်လေးတော့ တင်အုံးမည် ဟု စိတ်ကူးထားသည့်အတိုင်း ရေး မည် ကြံတော့--ရှေးပဝေသဏီ က ကမ္ဘာ့ သမိုင်း များ ထက် ဒုတိယ ကမ္ဘာစစ် ပြီး စ စစ်အေးခေတ် ကမ္ဘာ့ နိုင်ငံရေး အခြေ အ နေများ နှင့် ဆက်နွယ် သည့် ယနေ့ နိုင်ငံ တကာ စီးပွား ရေး အခြေ အနေ များအား ဦးစွာ ရေး သား ချင် စိတ် များပေါ်ပေါက် လာခဲ့ပါသည်။
ဂျီ (၈) ဟု ခေါ် သည့် စက်မှု နိုင်ငံကြီး ရှစ် နိုင်ငံ အကြောင်း အား ရေးသွားမည်ဟု လည်း စိတ်ကူး ထား သဖြင့် အာစီယံ နိုင်ငံများ နှင့် နိုင်ငံရေး ဆက်နွယ် ပတ်သက်ခဲ့သည့် အမေရိ ကန်နိုင်ငံ ၏ စစ်အေး ခေတ် နိုင်ငံရေး အ ခြေအနေ နှင့် ယနေ့ အမေရိကန် ၏ စီးပွားရေး အခြေ အနေ ယေဘူယျ အား ပထမ ဦးစွာ ရေး သား လိုက် ပါ သည်။
ဒုတိယ ကမ္ဘာ စစ် အပြီး စစ်အေး တိုက်ပွဲ ကာလ တွင် အမေရိကန် က ဆိုဗီယက် ရုရှား အင်အားကြီး နိုင်ငံအား စိုးရိမ် စိတ်ဖြင့် ဂျပန်နိုင်ငံ မှ လက်ျာ အစွန်း ရောက် စစ်ဝါဒီ မြေအောက် ရာဇာ များအား အသုံးချပြီး နိုင်ငံ ရေး အ ရ ဂျပန် နိုင်ငံ အား ကျောထောက် နောက်ခံ ပေးခဲ့သည်။ အမေရိကန် ဈေးကွက်ကြီး အား ရက်ရောစွာဖွင့်ပေး ခဲ့ ခြင်းဖြင့်ငှင်း ကိုးရီးယား စစ်ပွဲ အားဖြင့်ငှင်း ဂျပန်နိုင်ငံ အား တဟုန်ထိုး တိုးတက် စေခဲ့သည်။ အမေရိကန် ၏ ပုံ အော ထောက် ပံ့ ခြင်း ခံရသည့် အာရှ အာဏာရှင် နိုင်ငံ များ သည်လည်း အ ရည် အ သွေး ကောင်းလာပြီး ဈေး ပေါသည့် ဂျပန်လုပ် ပစ္စည်းများ၏ အဓိက ဈေး ကွက် များဖြစ် လာကြသည်။
အမေရိကန်နှင့် အနောက် အုပ်စု ၏ မျက်နှာသာ ပေးခြင်းကြောင့် အာရှ အာ ဏာ ရှင် နိုင်ငံ များ သည် အာရှ၏ ကျား များ နဂါး များဖြစ်လာကြပြီး ရွှေထီး ဆောင်းခဲ့ကြပါသည်။ ယနေ့ ကာ လ တွင် အာဏာရှင်နိုင်ငံများ မှ ပြည် သူလူထုများ သည် ဒီမိုကရေစီရေး ရင့်ကျက်လာခြင်း အခြေခံ လူတန်း စားများ ၏ ဒီမိုကရေစီ မျက်နှာ စာ ကျယ်ပြန့် လာခြင်းတို့ကြောင့် ယနေ့ --အမေရိကန်နှင့် အနောက် အုပ်စုတို့သည် မိမိတို့ အားပေး အား မြှောက် ပြု ခဲ့ သည့် အာ ဏာ ရှင် နိုင်ငံများ၏ ဒီမိုကရေစီရေး ကို မျက်ကွယ်ပြု လို့ မရတော့---။
ယနေ့ အမေရိကန်၏ စီးပွားရေး အခြေအနေ အား ယေဘူယျ ကြည့်လျှင် အမေရိကန် နိုင်ငံတွင် လူသန်းပေါင်း ၅၀ ကျော်သည် ဆင်းရဲ မွဲတေ နေသည် ဟု လေ့လာသူများ က ဆိုပါသည်။ အိုးအိမ်မဲ့ ပြည်သူများ ၏ ပြဿနာ ကို အမေရိကန် လူမှုဗေဒ ပညာရှင်များနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား သုတေသီများ က အသေ အ ချာ လေ့လာ ဆန်း စစ်နေ ကြ ပါသည်။
သုံး မကုန် ဖြုံး မကုန် နိုင်အောင် ချမ်းသာကြွယ်ဝသူ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးများနှင့် အလွန်ဆင်းရဲမွဲတေပြီး အဟာရချို့တဲ့ ငတ်မွတ်သေဆုံးရသည် အထိ လူသား ချင်း တူ သော် လည်း မျှတ မှု မရှိသည့် အလွန် ကွာဟ နေသည့် အခြေအနေများအား တွေ့နေရသည်။
ကုလသမဂ္ဂ က ထုတ်ပြန်သည့် ကြေညာချက် တခုတွင် ကမ္ဘာ့ အချမ်းသာဆုံး သန်းကြွယ် သူဌေး သုံးယောက်၏ ချမ်းသာကြွယ်ဝ ခြင်းသည် ဆင်းရဲသည့် နိုင်ငံ လေးဆယ့် ရှစ် နိုင်ငံ၏ ပြည်တွင်း အသား တင် ထုတ်လုပ်မှု တန် ဘိုးထက် ပိုပြီး များပြားနေသည်ဟု ဖေါ်ပြထား ပါသည်။ ထို့ အပြင် ကမ္ဘာ့လူဦးရေ နှစ် ဒဿမ ငါး ဗီလီယံ သည် တရက် ဝင်ငွေ မလောက်မငှ နှင့် အသက်ရှင် ရပ်တည်နေရပြီး အဟာရ ချို့တဲ့မှု နှင့် သောက်ရေသန့် မရရှိ သူ များ ဖြစ်ကြသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က ဖေါ်ပြထားသည်။
အမေရိကန်စာရေးဆရာ သတင်းစာဆရာတဦးဖြစ်သူ ဒေးဗစ်ကေရှစ် ပလာသည် ( The working poor - Invisible in America ) ဟူသည့် ငှင်း စာအုပ်တွင် အမေရိကန်နိုင်ငံမှ လူအချို့ ဆင်းရဲတွင်း နက်ပုံ ကို ဖေါ်ပြ ထား ပုံမှာ ပျက်စီး ဟောင်းနွမ်း နေသော လူနေ တိုက်ခန်း တခု မှ ကလေးငယ် တဦးသည် ရင်ကြပ်ရောဂါ ကို ဆိုးဆိုး ဝါးဝါး ခံစားနေရသည်။ ဆေးရုံ သို့ အရေးပေါ် ဆေးကုသ ရန်သွားရသည် မိခင်က တရိပ် ရိပ် တက် နေ သည့်ဆေးဘိုးဝါးခ ကို မပေးနိုင်ပါ--။ ထို့ကြောင့် မိခင်သည် နာမည်ပျက် စာရင်းဝင်သွားသည်--အကြွေး ဝယ် ထား သည့် မော်တော်ကား အတွက် အတိုးနှုန်း ကို တက်စေသည်။
ကား ဟောင်း ကို ဝယ်စီးရသည် --ထို မိခင်သည် ကားဟောင်း စီးပြီး ကား မကြာခဏ ပျက်သဖြင့် အလုပ်ခွင် သို့ မကြာခဏ နောက်ကျမှ ရောက်လာသည်--ထို့ကြောင့် ရာထူးတိုးရန်--လစာ ကောင်း ရရန် အခွင့်အလမ်း နည်း ပါးသွားသည်---ထို့ကြောင့် ပျက်စီးဟောင်းနွမ်းနေသည့် လူနေ တိုက်ခန်းထဲမှ ရုန်းမထွက် နိုင်တော့ပေ---
ထို ကလေးငယ်နှင့် မိခင်သည်--ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံမှာ နေလျက် သူတို့ အပေါ် ဘေး ဆိုး ကပ် ဆိုး အုပ် စိုးနေသလို အမြဲထိတ်လန့် ကြောက်ရွံ့ နေရရှာသည်ဟု ရေး သား ထား ပါ သည်။
Discuss
Add this link to...
Bury
Add to:
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
71
Create Apple.com Style Search ...
71
Myanmar Thingyan
71
Preview Photoshop Brushes Easi...
71
Free Icon Set for Web Develope...
71
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
celebrities
dlf ipl
fastdomain coupon
mortgage
top hosting
read more
Comments