အင်တာနက်ပေါ်မှာ ကစ်ကစ် သတင်းတွေ့လို့ ကျွန်တော် ဖတ်ကြည့်ပြီး ရယ်နေမိပြန်တယ်။ ကျွန်တော်ကသာ ရယ်နေမိတာ ဆိုင်တဲ့သူတွေကတော့ စိတ်ပျက်ကြမှာပဲ။ အော် ဒုက္ခ။ သတင်းတွေကလည်း ရေးချင်ရာရေး။ ပြောချင်ရာပြော။ သေသေချာချာ သိတာလဲ မဟုတ်ဘဲနဲ့။ တင်ထားတဲ့ ဓာတ်ပုံကလည်း မှားလို့မှား။ မဟုတ်တာတွေ လျှောက်ရေး လျှောက်တင်တာဟာ မဆိုင်တဲ့ သူတွေကိုပါ ထိခိုက်စေပါတယ်။ အနည်းဆုံးတော့ သူတို့တွေ အချင်းချင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတာ လောက်တော့ သိထားဖို့တော့ ကောင်းတာပေါ့။ နိုင်ငံရေးနဲ့ ပက်သတ်လာတဲ့အခါ လူတွေအားလုံးဟာ ဓားစာခံတွေ ဖြစ်ကုန်ကြရရောလား။ သတင်းဌာနတိုင်းဟာ သတင်းတွေကို အမှားအမှန် မစစ်ဆေးဘဲ ပွပြီးရော တင်နေကြတော့ တာပဲလား။ ဪ ဒုက္ခ။ 


Every secret of a writer's soul, every experience of his life, every quality of his mind is written large in his works. (Virginia Woolf)
Discuss   Add this link to...  Bury

Comments Who Voted Related Links