Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
သူခေါ်ရင် လာပါ . . လာပါ . .
2
Vote
သူခေါ်ရင် လာပါ . . လာပါ . .
Posted by
shwedream
490 days ago
(
http://mmastrology.myanmarbloggers.org
)
View profile
Category
:
Personal & Life
" အဲဒီလိုလုပ်ရင် ပြောင်းပြန်ကြီး အိမ်ထဲဝင်လာမှာလား ဟင် . ."
" ပက်လက်ကြီး လျှာထုတ်ပြီး ၀င်လာမယ် . ."
၁၂.၁၀.၂၀၀၈ တနင်္ဂနွေနေ့  ညနေ ၅း၃၀ မိနစ် သူရဇ္ဖအချိန်
" ဆရာ တခွန်းပဲမေးမယ် ဖြေပါနော် . . . ရည်းစားအိမ်ပေါ်ကဆင်းသွားတာ ပြန်လာဦးမှာလား။"
" စိတ်လေတယ် . . ရည်းစားအိမ်ပေါ်ကဆင်းရင် နောက်တစ်ယောက်ရှာ"
" ဟီးဟီးဟီး ပြောပါဆရာရယ်..ဆရာပြောရင် မှန်လွန်းလို့ ပါ . . . မနေ့ ညကဆင်းသွားတာ တနင်းလာသား နာမည်က x x (တနင်္လာစ ကြာသပတေး နောက်ပိတ်) ၊ ပြန်လာဦးမှာလား..ကွဲမှာလား.."
" အင်း ခင်ဗျားက ကွဲနေပြီလား ၊ အဲလေ အခု ကွဲနေလို့ လား"
" မသိဘူးဆရာ.. ပြတ်နိုင်ရင် သွားဆိုတော့ သွားတာပဲ သူက "
" အင်းလေ ယောက်ျားလေးပဲ .. ပြတ်တာပေါ့ နောက်တစ်ယောက်ရှာမှာပေါ့ အဟက် "
" ပြန်လာဦးမှာလားဆရာ ရှေ့ လျှောက်ရော မြဲပါ့မလား. နာမည်နဲ့ လူနဲ့  မလိုက်လိုက်တာလွန်ပါရော .. "
" အဲဒါတော့ မသိဘူးဟေ့ . . ခင်ဗျားနာမည်အပြည့်အစုံ ပြန်ပြောအုံး "
" xxx (ကြာသပတေး အစ ။ စနေ နောက်ပိတ်) ပါဆရာ"
အင်္ဂ၀ိဇ္ဖာတိုင်အား ထူလိုက်ရာ
၅ မေးသူ
၂ ချစ်သူ
၆ ဆပွတ် (သံပုရာရည်)
--
၁
--
၎
ဝ
၃
" အင်း ဒီတနင်္ဂနွေ မကျော်ပါဘူး"
" ပြတ်မှာလား အီး.."
" ဖြစ်ချင်ရင် ဖြစ်ရမှာပေါ့ဗျာ "
" အွမ်..မပြတ်ချင်ပါဘူးဆရာ..အိမ်ငှားထားတာသူ့ နာမည်နဲ့  ၊ ကျနော့်အမှု မှာလည်း သူက witness ဆရာရယ် စကားပြန်လည်းသူ့ပဲ "
" ကဲကဲ အချိန်လေး ရှိတုန်း သံပုရာသီး ခြောက်လုံး ကို အရည်ညှစ်ပြီး ဖျော်သောက်. . အင်း ပြောပြီးပြီပဲ ခင်ဗျားတို့ ကိစ္စ ခင်ဗျားတို့ ရှင်းလေ . အမှုလာပတ်ခိုင်းနေသေးတယ် . . သံပုရာသီး ၆ လုံး အရည်ညှစ်ပြီး အခုသောက် တနင်္ဂနွေမကျော်စေရဘူး "
" အဲဒီတော့ ရှေ့ လျှောက်အဆင်ပြေကိန်းများ မရှိဘူးလား ၊၆ လုံးသောက်မှတော့ အနော်သေမှာလေ"
" ဘာလို့ သေရမှာလဲ. . . ပြန်ခေါ်ချင်တယ်ဆို ၊ ၆ လုံးကို တစ်ထိုင်တည်း သောက်ခိုင်းတာမှ မဟုတ်တာ"
" တနင်္ဂနွေမကျော်ဘူး ဘာဖြစ်မှာလည်း ဆိုတာ ပြောဦးလေ"
" တနင်္ဂနွေမကျော်ဘူး . ဟဲဟဲ . . တနင်္လာနေ့ ဆို ဒေါင်ကနဲ ပြန်ရောက်လာလိမ့်မယ်၊ ဒါပေမဲ့ ဖုန်းမပြောဘဲနဲ့  တော့ နေလို့  မရဘူး"
" ဘယ်လို.."
"ကိုယ်က ခေါ်ချင်တယ်ဆို ကိုယ်က အလျှော့ပေးရမယ် ။ ဈေးမကိုင်နဲ့ ၊ ပဲမများနဲ့ ၊ အဲဒါကြောင့် ဖုန်းလေးဘာလေးဆက် . . အောက်ကျို့ ပြီး ပြောခိုင်းတာ "
" ရှေ့ လျှောက်ရော ပြေလည်ပါ့မလား ဆရာ "
" မလုပ်ချင်ရင်လည်း ဒီအတိုင်းနေ ဆရာ နာမည်ပျက်တယ်"
" သောက်မယ်ဆရာ ။ သံပရာသီးတောင် ထုတ်ထားပြီးပြီ ။ ဓမ္မာသောကအင်းဝရာဇာဆိုတော့ "
" မသိပါဘူး ဗျာ . . ခင်ဗျားက အမျိုးမျိုး ဟိုပြောဒီပြော ဆင်ခြေ ဆင်လက်က များတာကိုး ။ ဓမ္မာသောက အင်းဝ ရာဇာ ဘာဖြစ်လဲ . ."
" မတည့်ဝူးဆို နေ့ နံ ၊ တနင်းလာနဲ့ သောကြာ "
" ကမ္ဘာပေါ်မှာ အဲဒီအမည်တွေနဲ့ နိုင်ငံခြားသားတွေ အများကြီးပဲဗျ . . သူတို့ ယူထားတာလည်း တစ်ပုံကြီး ၊ တည့်လိုက်တာမှ ဟိုးဘက်ကမ်းလွန်ရော ။ ကဲကဲ သံပုရာသီး ခြောက်လုံးက များပါတယ်။ ၁လုံးပဲ သောက်"
" ဟုတ် တစ်လုံးဆိုလို့ ကတော့.သောက်ပီ အခု. ဒါနဲ့  ဆရာ ကျမ ဒီလူနဲ့ ရမှာလား.."
" ရမရ ကတော့ မသိဘူး . . . ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ . . . ကိုယ်ကလည်း ချစ်တယ်.. သူ့ ကို ရအောင် လုပ်ရင်တော့ ရမှာပေါ့ . . ရှေ့ ရေးနောက်ရေး အကုန်တိုင်ပင် စဉ်းစားရင် ဖြစ်ပါတယ်"
" ရအောင်တော့ အတင်းမလုပ်ပါရစေနဲ့ .. ကံပါလို့  ရရင်တော့ ကောင်းတာပေါ့"
" ကံဆိုတာ လူလုပ်တာပဲလေ ရချင်ရင် လုပ် ၊ ရတာပဲ .. အဲဒါ ရမဲ့ကံပါလို့  ၊ မရချင်ရင် မလုပ်နဲ့ .. အဲဒါ မရဘူး.. မရမဲ့ ကံ ပါလို့  "
" ဘာလုပ်ရမလဲ ဟင် ဆရာ "
" ပြောပြီးပြီလေ သံပရာသီး အရည်ဖျော် သောက်ရမယ်လို့ "
" အမ်"
" ဗေဒင်အလကားမေး ပြီးတော့ ပြောတာလည်း နားမထောင်ဘူး ဗျာ . . ၊ ကျနော်က အလကားဆရာမဟုတ်ဘူး နော် . . အလကား ဟောရင် အလကား ဖြစ်တယ် "
" ခရက်ဒစ်ကတ် တစ်ကဒ်ရရင် ပေးပါ့မယ်ဆရာ . . မရသေးလို့ ဖုန်း bill တောင်မပေးနိုင်သေးဘူး . ဆရာ ပြောတာလည်း နားထောင်ပါတယ် ဆရာရယ် . . ဆရာပြောတာ မှန်လွန်းလို့ မေးတာပါ ဆရာရယ် . ဒုက္ခပါပဲ ဆရာရယ် . . "
" သံပုရာသီး သောက်လိုက် အဲလေ သံပုရာရည် သောက် ။ နောက်ပြီးတော့ သူ့ အင်္ကျီရှိလား"
" ရှိပါ့"
" ဆော်လိုက်ရမလား မှတ်သွားအောင်"
" ဘာဆော်မှာလဲ.. :O ဘာလုပ်မှာလဲ.. :O မီးချစ်သူကို .. ဘာလုပ်မှာတုန်း.. အီး.."
" ခင်ဗျားပဲ ပြန်လာအောင်ဆို ၊ ပြန်လာစေချင်လား၊ ပြန်လာစေချင်ရင် သူအိပ်တဲ့ နေရာပေါ်မှာ သူ့ အင်္ကျီကို ပြောင်းပြန် တင်ထားလိုက် ပြောင်းပြန်ဆိုတာ ခြေရင်းခေါင်းရင်း ပြောင်းပြန်နော်၊ ဟိုဘက်ဒီဘက် မှောက်ရက် မဟုတ်ဘူး "
" ဟုတ်ကဲ့ဆရာ ၊ အဲဒီလိုလုပ်ရင် ပြောင်းပြန်ကြီး အိမ်ထဲဝင်လာမှာလား ဟင် . ."
" ပက်လက်ကြီး လျှာထုတ်ပြီး ၀င်လာမယ် . . ငါ့နှယ် ခက်တော့နေပြီ ဒီကောင်မလေးနဲ့ တော့ "
" ဟာ အဲဒီလိုတော့မလုပ်နဲ့ လေ. . ပက်လက်ကြီး လျှာထုတ်ဝင်လာမယ်ဆိုရင်တော့ ပြန်မလာလဲနေပါ.. အဲလိုတော့ မလုပ်ပါရစေနဲ့  ဘုရား.ဘုရား..သံပရာရည်ပဲသောက်ပြီး စောင့်ပါ့မယ်"
" အစီအရင် ပေးနေတဲ့အချိန်မှာ ပေါက်ကရမပြောနဲ့  မလုပ်ချင်လည်း နေ "
" ဆရာပဲ ပက်လက်လေး လျှာထုတ်ပြီး ပြန်လာမယ်ဆို. "
" စိတ်တိုလာပြီ။ သံပုရာရည်ပဲသောက်တော့ စိန်နဲ့ ရောပြီး "
" ပက်လက်ကြီးလျှာထွက်မယ်ဆိုတော့ ဟီးဟီး သွားသောက်လိုက်ဦးမယ် ဆရာ ခဏလေး ..."
၇ မိနစ်ခန့် ကြာသော်
"သောက်ပြီးပီဆရာ"
" အင်း . . သူ့ မွေ့ ယာကို ပြောင်းပြန်လှည့်လိုက်၊ လက်ဖက်ရှိလား"
" ဟုတ် ရှိဘူး"
"လင်ပန်း တစ်ချပ်ကို အဲဒီမွေ့ ယာပေါ် တင်လိုက်၊ တင်ပြီးရင် ၉ ချက်တီး၊ သာသာလေး ၊ အကျယ်ကြီးလဲမဟုတ်ဘူး လက်နဲ့ ပဲ တီး အဲဒါပဲ"
" ဟုတ် မှတ်ထားတယ်။ ပြောင်းပြန်လှန်..လင်ပန်းကိုတီး ။ ဖုန်းခေါ်ပြီဗျ :O မြန်လိုက်တာ အလိုလေးလေး "
" တော်ပါတော့ဗျာ . လာနောက်မနေနဲ့  . . ကျနော်က အချစ်ရေးဆိုရင် သိပ်ဟောတာမဟုတ်ဘူး . . အမြင်ကပ်လို့ . . တစ်ခါလာလည်း ပေါင်းရဖို့ ရှိလား .. သူက ကျွန်မ အပေါ်မှာ တစ်သက်လုံး ကောင်းမှာလား . . ဘာလား ညာလား . လေးဖြူရဲ့ သံယောဇဉ် . . သံယောဇဉ် ဆိုသလိုဖြစ်နေပြီ "
" အီး အချစ် ဒုက္ခသည်လေးပါ"
ထိုသို့  ပြောဆိုပြီးနောက် ထိုသူငယ်မသည် ညနေဖက်တွင် ချစ်သူထံသို့  sms ဖြင့် ဆုံတွေ့ ရန် ချိန်းဆို လိုက်လေတော့ရာ နောက်ဆုံးတွင် . . ထိုသူငယ်လေးမှာ ညဖက် တွင် သူတို့  နေထိုင်ရာအိမ်သို့  သူ၏ ချစ်သူအမျိုးသမီးဖြင့် ပြန်လည်ရောက်ရှိလာလေတော့၏ ။
1 Comment
Add this link to...
Bury
Add to:

">
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
71
Create Apple.com Style Search ...
71
Myanmar Thingyan
71
Preview Photoshop Brushes Easi...
71
Free Icon Set for Web Develope...
71
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
business
celebrities
entertainment
fastdomain coupon
mortgage
read more
Comments