Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
ထမင်းနဲ
1
Vote
ထမင်းနဲ
Posted by
shwedream
576 days ago
(
http://warwarkhaingmin.blogspot.com
)
View profile
Category
:
Personal & Life
မင်္ဂလာပါရှင်။
ဒီတစ်ပတ် စားကြမယ်ကွဲ့ကောင်းကောင်း အစီအစဉ်အတွက် ထမင်းနဲလေးထိုးထားပါတယ်ရှင်။အလည်လာသူတွေအားလုံးထမင်းနဲလေးသုံးဆောင်သွားကြပါဦးနော်။ :D
အခုမှ ထမင်းနဲထိုးပြီးသွားတယ်လေ။ဗိုက်ကဆာနေပြီ ၊ ဒါပေမယ့်ပို့စ်အရင်တင်ချင်လို့ မစားနိုင်သေးပဲ ဓါတ်ပုံအရင်ရိုက်ပြီး အလည်လာသူတွေအားလုံးကို ထမနဲနဲ့ ဧည့်ခံလိုက်ပါတယ်နော်။ :P
ဗိုက်ဆာနေပြီမို့ ..စားပြီး ၊ သောက်ပြီးမှပဲ ထမင်းနဲထိုးပုံလေးကို အောက်ဖက်မှာ ထည့်ရေးထားလိုက်ပါမယ်နော်။ :P
အခု မအားသေးလို့..တာ့တာ
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့...
ထမင်းနဲထိုးနည်း...
-ပုံမှာပြထားတဲ့ အတိုင်း ပထမဆုံး ဂျင်းလေးကိုပါးပါးလှီးထားရပါမယ်။
-အုန်းသီးက မြန်မာပြည်မှာဆိုရင် အပြားကြီးကြီးလေးတွေ စိတ်ထည့်တာနော်၊ ဒီမှာက၀ယ်လို့မရလို့ အုန်းနို့ အရည်ဘူးတွေကို ထည့်ပါတယ်ရှင်။ဒါပေမယ့် ကျမ မနေ့တုန်းက အာရှဆိုင်သွားတော့ အုန်းသီးခြစ်ထားတဲ့ အဖတ်လေးတွေ တွေ့လို့ ၀ယ်လာခဲ့ပါတယ်။
-ပြီးတော့ မြေပဲလှော်ပြီးသားလေးရယ် တို့ကိုအသင့်လုပ်ထားရမယ်နော်။
- နောက်ထပ်လိုတာက နှမ်းလေးနည်းနည်း ၊ သကြား ၁ ဇွန်းလောက် ၊ဆား အနည်းငယ် နဲ့ ကောက်ညှင်းဆန် နို့ဆီဘူး တစ်လုံးခန့်တို့ ဖြစ်ပါတယ်ရှင်။ ( ဟီး.. ကျမက တစ်ခါစားစာ လောက်ပဲ ထမင်းနဲထိုးစားလို့ ဆန်က အဲဒီလောက်ပဲ လိုတာနော်။) :P
........................................
-ပထမဆုံး ကောက်ညှင်းဆန်လေးကို ရေကြိုစိမ်ထားရပါမယ်ရှင်။ ၁ နာရီအကြာလောက် ရေကြိုစိမ်ထားပြီးရင် ၊ ကောက်ညှင်းကို ရေပြန်စစ်ထားရပါမယ်။
-ဒယ်အိုးထဲမှာ ဆီကို နဲနဲများများ ( မခန့်မှန်းတတ်ဘူးရယ်၊ :P ၂ကျပ်ခွဲသားလောက်ရှိမယ်ထင်ပါတယ်။)ထည့်ပြီး ဆီပူလာတာနဲ့ ပါးပါးလှီးထားတဲ့ ဂျင်းလေးတွေကို ထည့်ကြော်ရပါတယ်။
-ဂျင်းလေးနဲနဲ နွမ်းလာတာနဲ့ ရေစစ်ထားတဲ့ ကောက်ညှင်းဆန်တွေကိုပါ ထည့်ကြော်ရပါတယ်ရှင်။ ကောက်ညှင်းဆန်ကို ထည့်ပြီးမွှေနေစဉ်မှာပဲ သကြား ၁ဇွန်းလောက် နဲ့ ဆား သင့်ရုံတို့ကို ထည့်ရပါတယ်။ ဆားနဲ့ သကြားထည့်ပြီးရင် ရေကို ကောက်ညှင်းဆန် အုပ်သွားအောင်ထည့်ပြီး အဖုံးဖုံးထားရပါတယ်။ မီးအေးအေးလေးနဲ့ အောက်ဖက်က မကပ်သွားအောင်တော့ သတိထားရပါတယ်။ ကောက်ညှင်းဆန်ဆိုတော့ ခဏဆိုကျက်သွားတာနဲ့ အိုးအဖုံးဖွင့်ပြီး အသင့်လုပ်ထားတဲ့ အုန်းသီး ၊ နဲ့ မြေပဲလေးတွေကိုထည့်ပြီး သစ်သားယောင်းမ နဲ့ နာနာမွှေရပါတယ်။ မွှေနေရင်း နှမ်းလေးလဲ နည်းနည်းထည့်နိုင်ပါတယ်။ အကုန်စုံအောင် ထည့်ပြီးတာနဲ့ ဆက်မွှေနေရတာပါပဲ။ ယောင်းမ ၂ ဖက်သုံးရင်သုံးပါ ၊ ကျမကတော့ ယောင်းမ တစ်ချောင်းနဲ့ တစ်ဖက်က ဒယ်အိုးလက်ကိုင်ရိုးကိုထိမ်းကိုင်ထားပြီး ကိုယ်တိုင်ပဲ မွှေထိုးတာပါ။ သိတ်မခက်ပါဘူးရှင်။ :P
-ဆန်လေးကြေပြီး အနေတော်အနေအထားလေးရသွားပြီဆိုရင်တော့ ၊ ထမင်းနဲ သုံးဆောင်လို့ရသွားပါပြီရှင်။
ဒီနည်းလေးကတော့ မကြာခဏ ချက်စားဖြစ်တဲ့ ကျမရဲ့ ထမင်းနဲထိုးနည်းလေးပါနော်။ သူများတွေ လုပ်နည်းနဲ့ တူ ၊မတူတော့ မသိဘူး။ မြန်မာပြည်မှာတုန်းက ယောက္ခမမေမေဆီကသင်ထားတာပါရှင်။ မြေပဲ ၊ အုန်းသီး ၊ သကြား ၊ဆား ၊နှမ်း တွေကိုတော့ ကိုယ်ကြိုက်သလိုသာ များများစားချင်ရင် များများ နဲ့ အုန်းနို့ နည်းနည်းပဲစားချင်ရင် နည်းနည်းပဲ အဆင်ပြေသလိုထည့်နိုင်ပါတယ်ရှင်။ ကျမက ထမင်းနဲဆိုရင် ချိုချိုလေးကြိုက်တတ်လို့ ၊ သကြားလေးကို ပိုထည့်တတ်ပါတယ်။ ဂျင်း ကို များများထည့်ကြော်ရင်တော့ ထမင်းနဲအနံ့ပိုမွှေးပါတယ်ရှင်။
ဒါနဲ့ပဲ..ဒါနဲ့ပဲ.. အရင်တုန်းက အကြောင်းလေးကို သတိရမိသွားပြန်ပါပြီ။ :P ပြောပြဦးမယ်နော်။ :D
မောင်နဲ့ ကျမ ချစ်သူတွေ မဖြစ်ခင်က ကျမက လှည်းတန်းမှာနေတယ် ၊ မောင်က လမ်းမတော် ဆေးကျောင်းဆောင်မှာနေတယ်လေ။ အဲဒါ မောင်တို့အဆောင်မှာ နယူးရီးယားညမှာ ထမင်းနဲထိုးပြိုင်ပွဲလုပ်တာလေ ၊ ကောင်းလွန်းလို့ ကျမကိုစားစေချင်လွန်းလို့တဲ့ ည၁၂နာရီ ကျော်နေပြီ ၊ လိုင်းကားတွေကလဲ မရှိတော့ဘူး ၊ နယူးရီးယားညဆိုတော့ ကျမတို့ကို တီဗီအစီအစဉ်တွေ ကြည့်နေမယ်ထင်ပြီး မောင်က သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး အဆောင်မှာရှိတဲ့ စက်ဘီးနဲ့ ကျမရှိရာ လှည်းတန်းကို ထမင်းနဲထုတ်လာပို့ခဲ့ပါတယ်။ တလမ်းလုံး ကုန်းတက်တွေ ၊ ကုန်းဆင်းတွေနဲ့ စက်ဘီးတစ်စင်းကို သူငယ်ချင်းနှစ်ယောက် စီးပြီးရောက်လာကြတာလေ။ ချွှေးတွေကို ရွှဲနေကြတာပဲတဲ့။ လှည်းတန်းလဲရောက်ရော အိမ်ရှေ့ကနေအော်တာ ဘယ်သူမှ မကြားကြတာနဲ့ ထမင်းနဲထုတ်လေးကို အိမ်ပေါက်ဝမှာ ချိတ်သွားခဲ့တာလေ။ဘယ်ကြားမလဲနော် ကျမတို့ညီအစ်မတွေကဖြင့် အိပ်ပျော်နေကြပြီလေ။:P မနက်ကျမတို့ အိပ်ရာနိုးတော့ ဘာထုတ်ပါလိမ့်လို့ ကြည့်တော့ ထမင်းနဲထုတ်ဖြစ်နေတယ်။ ဘယ်သူပို့သွားတာမှန်းလဲ မသိဘူးရယ်လေ။ မောင်တို့ အဆောင်မှာ ထမင်းနဲထိုးပြိုင်ပွဲ ရှိတယ်ဆိုတာကိုတော့ သိတယ်။ ညီအစ်မတွေ ဘယ်သူပို့မှန်းလဲ မသိဘူး ၊ စားလိုက်ကြတာ ကောင်းမှကောင်းလွန်းတဲ့ ထမင်းနဲ ချိုချိုလေးလေ။ :D
နောက်မှ မနက်ပိုင်းမှာပဲ မောင်ရောက်လာမှ ညတုန်းက ထမင်းနဲလာပို့တာ ၊ အော်ခေါ်တာမကြားလို့ တံခါးမှာ ချိတ်သွားခဲ့တာတဲ့။ ( ၁၀၀ မှတ်) ဟဟ.. ကျမက အမှတ်ပြည့်ပေးလိုက်တာနော်.. အဲ့လိုလေးတွေ အလိုက်သိတတ်လွန်းတော့ ကျမက ၃ လမကြာပါဘူး။ ပြန်အဖြေပေးလိုက်ရတာပေါ့ ။ အဟေးးးး :P
ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။
အားလုံးကိုလေးစားခင်မင် ကျေးဇူးတင်လျှက်
ဝါ၀ါခိုင်မင်း
Discuss
Add this link to...
Bury
Add to:

ဝါ၀ါခိုင်မင်း ">
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
308
Create Apple.com Style Search ...
308
Myanmar Thingyan
308
Preview Photoshop Brushes Easi...
308
Free Icon Set for Web Develope...
307
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
entertainment
fastdomain
finance
mortgage
web hosting
read more
Comments