Home
Login
Register
Live
Top users
Tag cloud
Published News
Upcoming News
Submit a new story
Myanmar Society Home
»
Personal & Life
»
ငိုက်မရှက် (သို့) စကာင်္ပူရောက် အလွဲများ (၇)
2
Vote
ငိုက်မရှက် (သို့) စကာင်္ပူရောက် အလွဲများ (၇)
Posted by
shwedream
490 days ago
(
http://www.mabaydar.co.cc
)
View profile
Category
:
Personal & Life
ကြိုက်မရှက် ငိုက်မရှက်တဲ့... အားလုံးကြားဖူးကြမှာပါ.. မဗေဒါအတွက်တော့ ငိုက်မိတာ ရှက်စရာတစ်ခုဖြစ်ခဲ့လို့ ပြန်တွေးတိုင်းကိုယ့်ဘာသာကိုယ်မျက်နှာပူနေရပါတယ်..
စကာင်္ပူက အများသုံး ဘတ်စ်ကားတွေ ရထားတွေပေါ်မှာ ခါးပိုက်နှိုက်သတိပြုစရာ.. မိန်းကလေးမို့ အသားယူခံရမှာကို သိပ်စိတ်ပူစရာမလိုပါဘူး.. နောက်ပြီး အမြဲရုန်းကန်လှုပ်ရှားသွားလာနေရတဲ့ အတွက် လူတွေဟာ ဘတ်စ်ကားစီး ရထားစီးအချိန်လေးတွေမှာ.. နေရာရရင် လေအေးစက်အေးအေးနဲ့ မှေးတက်တဲ့ အကျင့်လေးတွေရှိပါတယ်...
အထူသဖြင့်တော့ မဗေဒါလို အလုပ်နဲ့ အိမ်နဲ့ ဝေးတဲ့သူအဖို့ အဲဒိ လမ်းသွားရင်း ဘတ်စ်ကားပေါ် ရထားပေါ်မှာ ရတဲ့အချိန်လေး မှေးတတ်တာလဲ အကျင့်လေးကို ပါနေပါပြီ... ဒီလိုမှပဲ အိပ်ရေးက ၀ သလိုရှိတာကိုး..
အဲဒိအချိန်တုန်းက မဗေဒါအလုပ်က Night shift လုပ်ရတာပါ.. ညဘက်အလုပ်ဆင်းရတော့.. အိပ်ချိန်ကပိုနည်းပါတယ်.. နေ့ဘက်မှာ အိပ်မပျော်တာနဲ့.. နေ့ဘက် လင်းနေတော့ အိပ်ပစ်လိုက်ရမှာက နှမြောတာနဲ့.. သွားစရာရှိတဲ့ ရုံးကနားတွေ လူမှုရေးကိစ္စတွေကို မအိပ်တော့ပဲ သွားတာနဲ့... ဟုတ်နေတာပါပဲ..
အဲဒိနေ့ကတော့ သောင်္ကြာနေ့ညအလုပ်ဆင်းပြီး စနေနေ့ မနက်ဖက် သူငယ်ချင်းတစ်ယောက်က မွေးနေ့ဖိတ်တာနဲ့ ကိုယ်လဲ အလုပ်ကပြန်ရောက်တာနဲ့ အိပ်လိုက်ရင် ပြန်မနိုးမှာ စိုးတာနဲ့ ရေမိုးချိုး အလှပြင်.. သူငယ်ချင်းတွေနဲ့လဲ အလုပ်ရပြီးထဲက မတွေ့ဖြစ်သေးဘူးဆိုတော့ အပျံစားဝတ်ပြီး ထွက်လာခဲ့ပါတယ်..
သူတို့က စားသောက်ပြီးရင် ဆန်တိုဆာ ဆက်သွားမယ်လို့ ကျမကို ပြောထားပါတယ်.. ဒါပေမဲ့ ကျမစိတ်ကူးထဲမှာတော့ ငါခဏသွားပြီး စားသောက်ဆိုင်မှာ စားသောက်ပြီးတာနဲ့ ပြန်မယ်ပေါ့.. ပြီးရင် အိပ်ရအုံးမယ်ပေါ့.. အဲဒါကြောင့် ပိုပြီး အကြောင်းပြလို့ကောင်းအောင် စကပ်အတိုတောင် ရွေးဝတ်သွားပါသေးတယ်.. ဒါမှ အဲဒိသွားရင် မလွတ်မလပ်နဲ့ မလိုက်တော့ပါဘူးဟယ်လို့ ငြင်းကောင်းအောင်လေ.. နောက်သူငယ်ချင်းတစ်ယောက်နဲ့တောင် တိုင်ပင်ပြီး ဆန်တိုဆာမလိုက်ဘူး.. ငါတော့ တမင်စကပ်အတိုဝတ်လာမယ်ဆိုတော့ အဲဒိသူငယ်ချင်းကလဲ သူလဲ ၀တ်လာမယ်တဲ့..
ဒီလိုနဲ့ ရှိုးစမိုးအပြည့်နဲ့ ထွက်လာလိုက်တာ.. အင်းလေးမှာ အားလုံးစုံပြီး ထမင်းစားကြ စကားတွေပြောကြရင်း သူ့သူငယ်ချင်းတွေနဲ့လဲ အတန်အသင့် ရင်းနှီးသွားပါတယ်.. နောက်တော့ သူတို့က ဆန်တိုဆာကို လိုက်ခဲ့ဖို့ခေါ်ပါလေရော.. ဘယ်လိုပဲ ငြင်းငြင်း အတင်းကိုခေါ်ကြတာ..
အားလုံးက၀ိုင်းခေါ်ကြတယ်.. ပြီးတော့ သူငယ်ချင်းအရင်းခေါက်ခက်လဲဖြစ်.. မွေးနေ့ရှင်လဲဖြစ်.. စနေနေ့ညလဲ အလုပ်မရှိတော့.. သူတို့က ညကျမှအိပ်ပေါ့တဲ့.. ကိုယ်ကိုတိုင်ကလဲ နေ့ဘက်ကြီးကို အိပ်အိပ်ပြစ်လိုက်ရတာကို နှမြောတဲ့သူ.. အပေါင်းအသင်းကလဲ မက်... ပြီးတော့ အဲဒိအချိန်ကတော့ အပေါင်းအသင်းဇောကြောင့်ထင်တယ်.. လုံးဝကို မအိပ်ချင်ဘူး.. ပြီးတော့ ကိုယ်နဲ့ တိုင်ပင်လာတဲ့သူငယ်ချင်းကလဲ လိုက်မယ်ပြောလိုက်တော့.. မငြင်းသာတော့တာရောကြောင့် လိုက်ဖြစ်ခဲ့ပါတယ်..
သိတဲ့အတိုင်း.. ဆန်တိုဆာဆိုတော့လမ်းကလဲ လျှောက်ရတယ်.. နောက် ပါလာဝမ်ကမ်းခြေမှာ စတည်းချမိတော့ ... မဗေဒါတို့က ဆော့ရမယ်ဆို ၂ခါအဖော်စပ်စရာမလိုတဲ့သူကလဲဖြစ် ဆိုတော့.. ဆော့လိုက်တာ လက်လက်ကို စင်နေတာပေါ့.. စိတ်များစွမ်းတာ ဘော်ဒါတွေနဲ့ဆိုတော့ လုံးဝကို မအိပ်ချင်ဘူး..
ဒီလိုနဲ့ ညဘက် ရေပန်းရှိုးကြည့်ပြီးမှ ပြန်ဖြစ်ကြတာပေါ့.. အဲဒိအချိန်မှာ မဗေဒါ မအိပ်တာ ၂၄နာရီ ကျော်သွားပြီ.. လူကလဲ တနေ့လုံးသောင်းကျန်းထားတာ နုံးချိနေတာပဲ.. အိမ်ပြန်ချိန် အလျှိုလျှိုပြန်ကြတော့.. ကိုယ်နေတဲ့ စကာင်္ပူ အရှေ့ပိုင်းမှာ နေတဲ့အဖော်က တစ်ယောက်မှ မပါတော့ ကိုယ်တစ်ယောက်ထဲ ပြန်ရမယ်.. လူက စိတ်နဲနဲလျှော့လိုက်တော့ ခေါင်းကလဲ မူးနောက်နောက်နဲ့ ဖြစ်နေပြီ..
သူငယ်ချင်းတွေက ဖြစ်ရဲ့လားဆိုပေမဲ့လဲ ဘယ်သူမှကို အပူမကပ်ချင်.. တိုက်စီငှားဖို့ဆိုပြန်တော့လဲ အလုပ်စလုပ်ခါစ စုမိဆောင်းမိထားတဲ့ အပိုငွေကလဲ မရှိတာရော.. တစ်ယောက်ထဲလဲ ညဘက်ကြီး တိုက်စီမစီးချင်တာကြောင့်ရော.. အရိုးခံ ကပ်စီးနဲစိတ်ကြောင့်ရော.. ညဘက်ဆိုတော့ ရထားတွေလဲ ချောင်တယ်.. ခါတိုင်းလိုပဲ ရထားပေါ်မှာ မှေးလိုက်သွားမယ်ဆိုတဲ့ အကြံနဲ့ရော ရထားနဲ့ပဲ တစ်ယောက်ထဲပြန်လာမိလိုက်တယ်..
ရထားပေါ်ရောက်တော့ ထောင့်ခုံမရဘူး.. ထောင့်ခုံလေးရရင် အေးဆေး မှီအိပ်လို့ရတယ်လေ.. ထောင့်ခုံမှာ အင်္ကျီအဖြူနဲ့ တရုတ်ခပ်ချောချောတစ်ကောင်ထိုင်နေတယ်.. ဒီလို့နဲ့ သူ့ဘေးက လွတ်နေတဲ့ခုံမှာထိုင်လိုက်တယ်.. တကယ်လို့ ဒီကောင်ဆင်းရင်း ဟိုဘက်တိုးလိုက်ရုံပဲပေါ့... ဒီလိုတွေးတာ.. အကြံက ပိုင်ပါ့..
ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး.. မျက်လုံးက တဖြည်းဖြည်းစဉ်းလာပြီ မှေးရုံတင်မကဘူး.. အိပ်ပျော်သွားလိုက်တာ.. လောကကြီးနဲ့ အဆက်အသွယ်ကို ပျက်ရော... ကိုယ့်ကိုကိုယ်လဲ ဘယ်မှာ အိပ်နေမှန်းမသိတော့ဘူး.. ဘယ်လိုပုံသဏ္ဍန်နဲ့ ငုတ်တုတ်အိပ်နေလဲတော့မသိ.. တော်တော်လေးကို အသိမရှိတော့တာ... ဒီလိုနဲ့ ဘယ်လောက်ကြာ လိုက်လဲတော့မသိဘူး..
ခဏနေတော့ ကျမအတွေ့တစ်ခုကို ခံစားရတယ်.. ကောင်းလိုက်တာ... ကျမရဲ့ ငိုက်ကျပြီး နေစရာမရှိတဲ့ ဦးခေါင်း မှီတွယ်စရာ နေရာတစ်ခုရသွားတယ်.. အိစက်ညက်ညောနေတာပဲ.. ဒီလောက် အိပ်ကောင်းတဲ့ အရာဘာအရာလဲမသိဘူး.. ငါ တစ်ချက်လောက် မျက်လုံးလေးဖွင့်ကြည့်လိုက်မှပဲ..
ဒီလိုနဲ့ အိပ်ချင်မူတူးဖြစ်နေတဲ့ ရီဝေေ၀မျက်လုံးလေးနဲ့ မပွင့်တပွင့်ဖွင့်ကြည့်လိုက်တော့ အ၀ါရောင် အကျီင်္လက်ရှည်ဝတ်ထားတဲ့ လက်မောင်းတစ်ခု.... ဦးနှောက်က ချက်ချင်းအလုပ်မလုပ်သေးဘူး.. ခဏနေမှ ဒီထက်ပိုပြီး ကြည်ကြည်လင်လင်ဖြစ်လာတော့မှ.. ငါဘယ်ရောက်နေတာလဲပေါ့... အဲ.. Flash back လုပ်ပြီး နောက်ထပ် ၅ စက္ကန့်လောက် အကြာကျမှ ဦးနှောက်က အသိပေးလိုက်တာက....
"ဟာ.... ငါရထားပေါ်မှာတစ်ယောက်ထဲပဲ.. ဒါဆို အဲဒိဝါ၀ါကြီးကဘယ်သူလဲ.. စစချင်းငါထိုင်တုန်းက တရုတ်ပါ.. ခုမြင်နေရတဲ့လက်က မဲမဲကြီး... ... ဟာ... ဒါဆို ခု ငါ့ခေါင်းက.... ငါ့ခေါင်းက.. အဲဒိဝါ၀ါကြီး.. ပုခုံးပေါ်မှာ..... !!!!!!!!!"
စက္ကန့်ပိုင်းအတွင်း ကျမအတွေးတွေ အလုပ်လုပ်သွားပုံက အဲဒိလို တစ်ဆင့်ချင်း မြန်ဆန်လွန်းလှတယ်.. အသိဝင်ပြီးတပြိုင်နက်.. ကျမ ခေါင်းကို ဆက်ခနဲပြန်မတ်လိုက်ပြီး တချက် ကြည့်လိုက်တော့.. လက်ရှည်အကျီင်္အ၀ါဝတ်ထားတဲ့ အိန္ဒိယလူမျိုးကုလားတစ်ယောက်.. တော်သေးတာက နဲနဲတော့ သားသားနားနားကုလားပါပဲ.. မျက်လုံးကို တစ်ချက်ဝေ့ကြည့်လိုက်တော့ အရှေ့ကလူတွေက ရီကျဲရီကျဲနဲ့ လုပ်နေကြတယ်.. ညဘက် ရထားချောင်တော့ လူတွေကြည့်စရာမရှိ ကိုယ့်ရှေ့ကလူထိုင်ကြည့်နေမှာပေါ့.. ဘယ်အချိန်ထဲက ရထားပေါ်ကလူတွေရဲ့ entertainer ဖြစ်နေလဲမသိဘူး..
ကျမလဲ ရှက်လိုက်တာ ဘာဆက်လုပ်ရမှန်းကို မသိဘူး... ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့ အိပ်ချင်စိတ်ကို ပျောက်ရော.. သေချာတာကတော့ အဲဒိလူတွေနဲ့ မျက်နှာချင်းတောင် မဆိုင်ချင်တော့ဘူး.. ကိုယ်ဆင်းရမဲ့ ဂိတ်မရောက်မချင်းဘယ်မျက်နှာနဲ့ နေရမလဲ.. အို....... ရှက်နေမှန်းသိရင် ပိုအရှက်ကွဲတယ်.. ဒီလူတွေ နောက်တွေ့ရမှာလဲ မဟုတ်ဘူး.. လောလောဆယ် အိပ်ချင်ယောင်ပဲ ပြန်ဆောင်နေလိုက်တော့မယ်.. အဲဒါအကောင်းဆုံးပဲ.. ရှက်ရှက်နဲ့ မရှက်ချင်ယောင်ဆောင်ပြီး မျက်လုံးဆက်မှိတ်ထားလိုက်တာ ငါ့အတွက် အသက်သာဆုံးပဲ....
ဒါပေမဲ့ လူကသာ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေရတာ.. ခေါင်းထဲမှာတော့ အတွေးက ပေါင်းစုံ... ငါစကပ်အတိုကြီးဝတ်ပြီး အိပ်ပျော်နေတာ အောက်စများလွတ်သွားသလား.. ဘယ်အချိန်တုန်းက တရုတ်ဆင်းသွားပြီး ကုလားကြီးဖြစ်နေတာလဲသိလိုက်ဘူး... အံမယ်လေးတော်ပါသေးတယ်.. တရုတ်ကောင်သာဆို သူချောလို့ ငါကဇာတ်လမ်းလုပ်တယ်ထင်နေအုံးမယ်.. ကုလားကြီးဖြစ်နေတာပဲ ကံကောင်းလို့.. ငါတကယ်အိပ်ငိုက်တယ်ဆိုတာ လူတိုင်းသိမှာပါ.. အို.. စဉ်းစားရင်းမှ... ဟိုတရုတ်က ငါငိုက်နေလို့ သူပုခုံးပေါ်မှီမှာစိုးလို့ဆင်းသွားတာလား.. အမယ်လေး လေးနော်... ဘယ်တုန်းထဲက စပြီး အရှက်ကွဲနေလဲမသိ... ကုလားကိုပဲ သူ့ပုခုံးပေါ်ကြည်ကြည်ဖြူဖြူပေးအိပ်လို့ ကျေးဇူးကြံဖန်တင်ရမလိုလို.. မှတ်တိုင်ကလဲ မရောက်နိုင်သေးဘူး.. စိတ်ညစ်လိုက်တာနော်...
နောက်ဆုံးတော့ ဘယ်လိုမှ ဆက်မနေချင်တော့တဲ့အဆုံး.. ကျမဆင်းရမဲ့မှတ်တိုင်မရောက်ခင် ၃ဂိတ်လောက်အလိုက မှတ်တိုင်မှာဆင်းပြီး ကားပြောင်းစီးရင်လဲ ကျမအိမ်ကိုရောက်ပါတယ်.. ဘတ်စ်ကားဂိတ်နဲ့ အိမ်နဲ့ လမ်းနဲနဲပြန်လျှောက်ရတာပဲ ရှိပါတယ်.. အဲဒိဂိတ်ရောက်ပြီး.. တံခါးကပွင့်တော့မှပဲ.. ချက်ချင်းနိုးတဲ့ပုံစံမျိုးနဲ့.. ဘေးလူတွေလဲ မကြည့်ရဲတော့ပဲ တချိုးထဲလစ်ပြေးပါတော့တယ်..
အော်.. ကြိုက်မရှက်.. ငိုက်မရှက်.. သေချာတာတော့... ငိုက်တုန်းမရှက်ပေမဲ့.. ငိုက်ပြီးသွားတော့ တော်တော် ရှက်ရတာပါလားနော်....
Discuss
Add this link to...
Bury
Add to:

">
|
Bookmarks
Comments
Who Voted
Related Links
Comments
Log in to comment
or register
here
.
Who voted for this story
Related Links
What is Myanmar Society?
This site is a collection of Myanmar News and Blogs from Myanmar Society.
Register
Login
Login
Username:
Password:
Remember:
read more
Register
Username:
Email:
Password:
Verify password:
read more
Top Today
Published News
71
Create Apple.com Style Search ...
71
Myanmar Thingyan
71
Preview Photoshop Brushes Easi...
71
Free Icon Set for Web Develope...
71
Top 500 Fonts Of All Times: Fo...
Categories
News
Tech
Jokes
Personal & Life
Latest Comments
Wutthmoe what is ut gmail acc tell me plz...
Arr lone pel, kyay zu pyu p Chit Snow Oo yelt email phyit phyit phone no....
...
ကျေးဇူးတင်လိုက်တာဗျာ..
.......
......
ကျေးဇူးပြုပြီး...
hi..မမရေ...
read more
Top 5 Tags
celebrities
dlf ipl
fastdomain coupon
mortgage
top hosting
read more
Comments